ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ဘရိုက်တန်အသင်း တရားဝင်ခန့်အပ်

 

ပရီးမီးယားလိဒ်မှာ အဆင့် ၁၇ ဖြင့် နောက်ရာသီမှာ ၊ ထပ်မံတင်ကျန်ခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ ထုတ်ပယ်လိုက်တဲ့ နည်းပြ ခရစ်ဟူတန် ရဲ့နေရာမှာ၊ အစားထိုးခန့်အပ်ဖို့အတွက် ယနေ့ညနေ ၄ နာရီခွဲက၊ တရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး၊ ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ်တရားဝင်ကြေငြာခဲ့ပါတယ်။


ဆွမ်ဆီးစီးတီးအသင်း ဘက်ကစာချုပ်သက်တမ်းထပ်မံ မချုပ်ဆိုနိုင်တာကြောင့်၊ ဘရိုက်တန်အသင်းနဲ့ချိတ်ဆက်နိုင်ခဲ့ပြီး၊ အသင်းရဲ့နည်းပြအဖြစ်တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကနေ တန်းတက်ခွင့်မရနိုင်ခဲ့တာကြောင့် ၊ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ အော်စတာဆန် နည်းပြကြီး ပေါ်တာကတော့၊ ယနေ့ညနေမှာ ဘရိုက်တန်အသင်းရဲ့နည်းပြ တရားဝင်ဖြစ်လာခဲ့ပါတယ်။ ဘရိုက်တန်အသင်း တာဝန်ရှိသူတွေအနေနဲ့ကလည်း၊ ရာသီသစ်အတွက်ကြိုတင်ပြင်ဆင်နိုင်ရန်ကြောင့်၊ နည်းပြသစ်တစ်ဦးကို အမြန်ဆုံးခန့်အပ်ခဲ့တာဖြစ်ပါတယ်။

ပေါ်တာက ယခုနှစ်ရာသီမှာ ဆွမ်ဆီး အသင်းကို အဆင့် ၁၀ သာရရှိအောင်စွမ်းဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်မှာ နည်းပြဘဝကိုစတင်ခဲ့ပြီး၊ ဆွီဒင်ကလပ် အော်စတာဆန် အသင်းကိုကိုင်တွယ်ခဲ့ရာမှာတော့ အောင်မြင်မှုတွေရယူပေးထားနိုင်တာလည်းဖြစ်ပါတယ်။ ၂၀၁၇၊၂၀၁၈ ခုနှစ် ၊ ယူရိုပါလိဒ်ရှုံးထွက်အဆင့်ထိရောက်ရှိအောင်၊ စွမ်းဆောင်ပေးထားနိုင်တဲ့ ပေါ်တာ အနေနဲ့ ၊ ဘရိုက်တန်အသင်းကိုလည်း ဥရောပအောင်မြင်မှုရရှိအောင်စွမ်းဆောင် ပေးနိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

@ကိုကျော်

Be the first to comment on "ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ဘရိုက်တန်အသင်း တရားဝင်ခန့်အပ်"

Leave a comment

Your email address will not be published.


*