အရမ်းချောသောကြောင့် အလုပ်ရဖို့ ခက်ခဲနေသော မိန်းကလေး

အသက် ၃၃နှစ်အရွယ် ဥပဒေဘွဲ့ရထားသူ လန်ဒန်နိုင်ငံမှ မိန်းကလေးတစ်ယောက်သည် သူမ၏ရုပ်သည် အရမ်းချောနေသည့်အတွက် အလုပ်ရှာဖို့ ခက်ခဲ့သည့်ကိုကြုံတွေ့ရပြီးနောက်ပိုင်း အွန်လိုင်းပေါ်တွင်သာ ရာသီပေါ်အဝတ်အစား လက်လီ‌ရောင်းတဲ့ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
ရျရှားနိုင်ငံဖွား Irina Kova က ဆွဲဆောင်မှုရှိတာက သူမကို London မြို့မှာ အလုပ်ရဖို့အတွက် ခက်ခဲစေပါတယ်လို့ပြောကြားခဲ့ပါတယ်။Kova က သူမ၏ကြည့်ကောင်းတဲ့ ရုပ်ရည်ဟာသူမရဲ့အလုပ်အကိုင်ကို ပျက်စီးစေပြီးပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲစေပါတယ်။ဥပဒေဘွဲ့ ရရှိထားခြင်းနဲ့ အထင်ကြီးစေလောက်တဲ့ အလုပ်လျှောက်စာကလည်း သူမ၏အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။

The Sun သတင်းစာကိုသူမပြောကြားခဲ့တာက သူမရဲ့ ညှို့အားကောင်းမှုကြောင့် အိမ်ငှါးနေခြင်းနဲ့ အလုပ်အကိုင်မှာ ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေပါတယ်။
အသက်၃၃ နှစ်အရွယ် Kova ရဲ့ ကိုယ်စားလှယ်ကတော့ သူမရဲ့ ဆံပင်ကို အနက်‌ရောင်ဆိုးလိုက်ပါက သူမကို ပိုပီး အလုပ်မှာ ကျွမ်းကျင်တဲ့သူတယောက်နဲ့ ပိုတူစေပြီး အလုပ်ရဖို့အခွင့်အလမ်း ပိုများစေနိုင်ပါတယ်လို့ပြောခဲ့ပါတယ်။သူမကတော့ အလုပ်ရရန်အတွက် ထိုကဲ့သို အလုပ်မျိုးကို မလုပ်နိုင်ဘူး။ထိုကဲ့သို့ ဆံပင် အရောင်ဆိုးပီးပါက အလုပ်အကိုင်အခွင့်အလမ်း ပိုများလာပြီး Professional တယောက်နဲ့ ပိုတူစေဖို့အတွက်မျက်မှန်တပ်တာတွေပါ လုပ်လာရနိုင်တယ်လို့ ငြင်းဆိုခဲ့ပါသည်။

သူမရဲ့ အရင်အလုပ်ရှင်က ပြောကြားခဲ့တာက သူမကို ချောမောသော ရုပ်ရည်ကို ထင်ရှားစေဖို့အတွက် မသုံးဖို့ နဲ့ နှိမ်နှိမ်ချချနေဖို့ ‌ပြောကြားခဲ့သော်လည်း Iris u သူမရဲ့ရုပ်ရည် သိသာထင်ရှားနေတာကသဘာဝအတိုင်းဖြစ်ပေါ်နေတဲ့ သူမရဲ့ရုပ်ရည်ကြောင့်လို့ပဲ ပြောကြားခဲ့ပါတယ်။
သူမက မိတ်ကပ်သိပ်လိမ်းလေ့မရှိဘူး။သူမရဲ့ ရုပ်က မိတ်ကပ်သိပ်လိမ်းဖို့ မလိုအပ်ဖူး။သင်မှာသာ နှုတ်ခမ်းထူထူ နဲ့ မျက်လုံးဝိုင်းတွေရှိပါက လူတိုင်းကိုမည်သို့မဆို ဆွဲဆောင်နေမှာပဲ ဖြစ်တယ်လို့ ပြောခဲ့ပါသည်။

ငယ်ရွယ်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပြောကားခဲ့တာကတော့ အလုပ်မှာ ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးကို ခန့်ထားတာထက် ဆွဲဆောင်မှုမရှိတဲ့ မိန်းကလေးကို ခန့်ထားခြင်းကို အလုပ်ရှင်တွေက ပို၍ သဘောကျ
ကြပါတယ်။ငြို့အားကောင်းတဲ့မိန်းကလေးကို အလုပ်ခန့်ထားပါက သူတို့ဘေးမှာ အတူတူအလုပ်လုပ်နေတဲ့အတွက် သူတို့၏ဇနီးများ၏ သဝန်တိုတာကို ခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

Source – Oddity Central

Be the first to comment on "အရမ်းချောသောကြောင့် အလုပ်ရဖို့ ခက်ခဲနေသော မိန်းကလေး"

Leave a comment

Your email address will not be published.


*