ဘစ်ဆာကာအတွက် ၊ယူနိုက်တက်ကို ဈေးသတ်မှတ်ပေးလိုက်တဲ့ ခရစ်စတယ်ပဲလေ့စ်

 

ခရစ်စတယ်ပဲလေ့စ် အသင်းကတော့ ၊ မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ညာနောက်ခံလူ ဘစ်ဆာကာအတွက် သန်း ၆၀ ဈေးနှုန်းသတ်မှတ်ပေးလိုက်ပါတယ်။ ယခုနှစ်မှာ ပဲလေ့စ်အသင်းနဲ့ အတူအကောင်းဆုံးပုံစံမှာရှိနေပြီး၊ ၃ နှစ်စာချုပ်ကျန်ရှိနေသေးတဲ့ နောက်ခံလူကို လက်မလွှတ်ချင်တာကြောင့်လည်း ၊ မြင့်မားတဲ့ဈေးနှုန်းသတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။


ယူနိုက်တက်နည်းပြကြီး ဆိုးရှားအနေနဲ့လည်း၊ အသင်းကို ပြန်လည်တည်ဆောက်လိုနေပြီး ၊ လိုအပ်နေတဲ့ ညာနောက်ခံလူ၊ ဗဟိုခံစစ်မှူး၊ ဘယ်နောက်ခံလူ နဲ့ ညာတောင်ပံ ကစားတစ်ဉီးစီတို့ကို အရခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ညာနောက်ခံလူ ဘစ်ဆာကာ အတွက်ကတော့ ကောင်းမွန်တဲ့စွမ်းရေတွေနဲ့ ၊ ပရီးမီးယားလိဒ်မှာ အံဝင်ခွင်ကျပြီးသားဖြစ်တာကြောင့် အလိုရှိနေတာဖြစ်ပြီး၊ ဥရောပပြိုင်ပွဲအဖြစ်၊ ယူရိုပါလိဒ်မှာ ပါဝင်ကစားရဖို့လည်း ရှိနေပါတယ်။ ယူနိုက်တက်အသင်းဘက်ကတော့ သန်း ၆၀ ထက်လျော့နည်းမှသာ ခေါ်ယူလိုတာဖြစ်ပြီး၊ အမှုဆောင်အရာရှိ အက်ဝုစ် အနေနဲ့ကလည်း ၊ မြင့်မားတဲ့ပြောင်းရွေ့ကြေးထုတ်ပေးဖို့အတွက် တွန့်ဆုတ်နေတာလည်းဖြစ်ပါတယ်။

ပဲလေစ့်အသင်းဘက်ကတော့ အသင်းကြီးအများစုက စိတ်ဝင်စားလျက်ရှိနေကြတဲ့ ၊ အသင်းရဲ့ကစားသမား ၂ ဦးဖြစ်တဲ့ ဘစ်ဆာကာနဲ့ ဇာဟာတို့ကို ရောင်းထုတ်လိုခြင်းမရှိပေမယ့်၊ အသင်းရဲ့ဝင်ငွေတိုးတက်လာနိုင်မယ်ဆိုရင်တော့ အပြောင်းအရွေ့ဖြစ်မြောက်သွားဖို့ရှိနေပါတယ်။

@ Ko Kyaw

Be the first to comment on "ဘစ်ဆာကာအတွက် ၊ယူနိုက်တက်ကို ဈေးသတ်မှတ်ပေးလိုက်တဲ့ ခရစ်စတယ်ပဲလေ့စ်"

Leave a comment

Your email address will not be published.


*