အနုပညာခြေလှမ်းတွေ ကျဲသွားတာ ဘာကားမှမရိုက်ချင်တော့လို့ပါလို့ပြောလာတဲ့ မေကဗျာ

နိုင်ငံကျော် ရုပ်ရှင် မင်းသမီး မေကဗျာ တစ်ယောက် ကားရိုက်ကျဲ သွားတာကို ပရိသတ်တွေသတိထားမိလာကြမှာပါ ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ထူထောင်ထားပြီး ဝါသနာကို မစွန့်လွှတ်နိုင်သေးတဲ့အတွက် မေကဗျာတစ်ယောက် ကားရိုက်တွေကို သူမအတွက် အဆင်ပြေနိုင်မယ့် ဇာတ်ကားတွေကို သေသေချာချာ စိစစ်လက်ခံပြီးမှ ရိုက်ကူးပေးနေပေမယ့် နောက်ပိုင်းလာငှားတဲ့ ကားတွေက မကြိုက်လို့အဆင်မပြေလို့ မရိုက်ဖြစ်ဘူးလို့ ဆိုလာပါတယ် ။ မကြိုက်လို့ ဆိုတာက နောက်ပိုင်းကားလာငှားတဲ့အခါ အနုပညာကိုဈေးပဲ အလကားနီးနီးလိုချင်နေသလို မျိုးလုပ်နေလို့ မရိုက်ဖြစ်ဘူးလို့သိရပါတယ် ။ ခုလတ်တလောမှာတော့ ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးဖြစ်နေတယ်လို့ မေကဗျာက Read more

ပထမဆုံးတွေ့ဆုံချိန်လေးမှာပဲ အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတဲ့ ဘုန်းမင်းနေလနဲ့ယွန်းယွန်း

အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်နေတဲ့ မင်းသမီးချောလေး ယွန်းယွန်းနဲ့ တက်သစ်စအနုပညာရှင်လေးဖြစ်တဲ့ ဘုန်းမင်းနေလတို့နှစ်ယောက်ကတော့ ပွဲအခမ်းအနားလေးတစ်ခုကို အတူတူ တက်ရောက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့က Junction Square မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ViHo Myanmar” ပွဲလေးကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံတဲ့ပွဲလေးပဲ ဖြစ်ပါတယ်။ အပြန်အလှန် ရင်းနှီးမှုရှိကြပေမယ့် အပြင်မှာ ပထမဆုံးအနေနဲ့ ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ဒီပွဲလေးမှာ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်။ ပန်းနုရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ Read more

ချမ်းသာတဲ့ကာရိုက်တာထက်ဆင်းရဲတဲ့ကာရိုက်တာလာငှားရင်ပိုဝမ်းသာတယ်လို့ပြောလာတဲ့ စိုးမိုးကြည်

တစ်ခတ်တစ်ခါတည်းကနာမည်ကြီးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်စိုးမိုးကြည်ကတော့ အကယ်ဒမီဆုကိုလည်းရရှိပိုင်ဆိုင်ထားပြီး ရရာဇာတ်ရုပ်ကိုပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။အမေဇာတ်ရုပ်တွေမှာပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စလူငယ်တွေကိုလက်တွဲခေါ်ပေးတတ်သူလည်းဖြစ်ပါတယ်။ ဇာတ်ကားတိုင်းနီးပါး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပရိသတ်ကြိုက်အောင် သရုပ်ဆောင်နိုင်သော ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ” ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားတာပဲဖြစ်ပြီး တစ်ကားလုံးကပညာပေးဇာတ်ကားမို့ ပရိသတ်တွေကြည့်သင့်ကားလို့ ပြောပြခဲ့ပါတယ်။” ဇာတ်ကားတစ်ကား ရိုက်ဖို့လာငှားရင် ဆင်းရဲတဲ့အခန်းတွေဆိုရင် ဘာပဲပြောပြော တော်သေးတယ်လေ၊ဆင်းရဲတဲ့အခန်းဆိုတော့ ပျော်သွားတာပေါ့။ဆင်းရဲတယ်ဆိုတော့ အ၀တ်အစားကလည်းမ၀တ်ရဘူးမကုန်ဘူးလေ။မိတ်ကပ်ကလည်းမလိမ်းရဘူးလေ။ အရမ်းချမ်းသာတယ်ဆိုရင် ခေါင်းကနေ ခြေတော်ကအထိ အ၀တ်အစား၊လက်ဝတ်လတ်စား၊ဖိနပ်၊ပိုက်ဆံအိတ်၊အစအဆုံးဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ့်အိတ်ထဲကတောင် ပိုက်ဆံစိုက်ရတယ်။ကားကြီးဆိုပိုဆိုးတာပေါ့၊ဗီဒီယိုဆို နည်းနည်းလေး သက်သာတာပေါ့လေ။ ငွေအမောက်ကိုတော့ ကိုယ်ကချိန်ရတာပေါ့ ဆင်းရဲသားအခန်း ပဲပြုတ်ရောင်းရမယ်၊ငါးစိမ်းသည်မတို့ Read more

သမီးကြီးစိုးမြတ်သူဇာကို အချစ်ရဆုံးချစ်သမီးကြီးလို့​ ထုတ်​​ပြောလာတဲ့ ညီမ​လေး​ဖော်​ရဲ့ အ​မေ ​ဒေါ်စိုးကြည်​​ဖြူ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာကို ရရှိထားခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချော စိုးမြတ်သူဇာ ဟာဆိုရင် ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မြန်မာမှု မြန်မာဟန်တွေကို ထုတ်ဖော်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာကို သိမ်းကြုံးရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ မကြီးစိုးကတော့ ယခုဆိုရင် ရုပ်ရှင်ရိုက်ကူးရာနေရာမှ အိမ်ကိုပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အချစ်ရဆုံးချစ်သမီးကြီး အိမ်ပြန်ရောက်တော့မယ့်အကြောင်းကိုတော့ မကြီးစိုးရဲ့ မိခင်ကြီး ဒေါ်စိုးကြည်ဖြူက သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ မကြီးစိုး Read more

ရန်ကုန်စရောက်တုန်းက ဗမာစကားကိုပြောဖို့ကြောက်တယ်ဆိုတဲ့ ဝင့်ယမုံနိုင်

မြန်းဆိုတဲ့ ဝင့်ယမုံနိုင်ကတော့ ပရိသတ်ကြီးအားပေးမှုကိုရရှိထားတဲ့ MRTV-4 မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ တိုင်းရင်းသားတွေထဲက ထားဝယ်သူလေးတစ်ယောက်လဲဖြစ်ပါတယ်။ ရန်ကုန် စရောက်တုန်းက ဗမာစကားပြောရမှာကြောက်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ရန်ကုန်စရောက်တုန်းက မပြောရဲဘူး မပြောတတ်ဘူး ငါပြောလိုက်လို့မှားသွားရင်ငါ့ကိုလှောင်မလားရယ်မလား ငါကရန်ကုန်ကမဟုတ်ဘူးဆိုတာသိသွားမလားဆိုပြီးတွေးမိတယ်။ လူကြီးတွေက တိုက်ပေါ်ကနေ အောက်မှာတစ်ခုခုသွားဝယ်ခိုင်းရင် ဒါလေးပေးပါလို့ပြောရမှာမပြောရဲဘူး။ စကားတစ်ခွန်းပြောဖို့ရင်တွေတုန်တယ် နောက်ပိုင်းကြတော့လည်းအဆင်ပြေသွားတာပဲ။ တိုင်းရင်းသားတွေက အသဲဝဲဝဲ လေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ တိုင်းရင်းသားတွေမှာထူးခြားတာတစ်ခုက သူတို့ရိုးရာအစားအစာတွေပဲ။ အဲလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့လည်း ယမုံသဘောကျတယ်။ ဒေသအစားအစာတွေကိုကြိုက်ပါတယ်လို့ပြောပြထားပြီးတော့ ထားဝယ်သူလေးပီပီ ထားဝယ်ဒေသအကြောင်းကိုလည်း“ ထားဝယ်ကခုတော့လမ်းပန်းဆက်သွယ်ရေးကောင်းနေပြီ။ အရင်တုန်းက ထားဝယ်ကလမ်းပန်းဆက်သွယ်ရေးက မငြိမ်းချမ်းသေးတဲ့ကာလဆိုတော့ ကားလမ်းလာဖို့ကြောက်ကြတယ်။ Read more

MNA လေယာဉ်ပါ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ လေယာဉ်မှူးနဲ့ အဖွဲ့ကို ရွှေဒင်္ဂါးပြား လှူဒါန်းလိုက်တဲ့ နေမင်း

ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-မန္တလေးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ပရိသတ်တွေအတော်များများ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်..။ လေယာဉ်ရှေ့ဘီးချမရလို့ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတဲ့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်ကြောင့် ခရီးသည်တွေအားလုံး အသက်အန္တရာယ်ကင်းလွတ်ခဲ့တဲ့အတွက် လိုက်ပါသူခရီးသည်တွေကလည်း လေယာဉ်မှူးနဲ့အဖွဲ့ကို ပြန်လည်ဂုဏ်ပြုပေးခဲ့ကြပါတယ်..။ MNA လေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးတွေ စုပေါင်းပြီး လေယာဉ်မှူးဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို ဂုဏ်ပြုပွဲလေး ပြုလုပ်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော နေမင်းကလည်း တစ်ကျပ်သားရွှေဒင်္ဂါးပြားပေးအပ် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်..။ ခရီးသည်တွေ Read more

ကစ်ကစ် တစ်ယောက် အပူလွန်ပြီးရေသောက်များခဲ့တာကြောင့် အဆုတ်ထဲရေဝင်ကာ အမောဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ခင်သဇင်က ပြော

ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက် အပူလွန်ပြီးရေသောက်များခဲ့တာကြောင့် အဆုတ်ထဲရေဝင်ကာ အမောဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ခင်သဇင်က ပြောပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေဟာ မေလအတွင်းမှာ ပိုဂရုစိုက်ရတဲ့အနေအထားမှာရှိတယ်လို့ သိရပါတယ်။ တစ်နှစ်ကျော်အကြာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ဆေးရုံတက်ရလိုက်၊ ဆင်းရလိုက်ပါပဲ။ အခုလည်းမေလ ၁၉ ရက်နေ့က ဆေးရုံထပ်တက်ရတယ်လို့ ကစ်ကစ်ကို စောင့်ရှောက်နေသူ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။ ‘’မနေ့ကမကစ် ဆေးရုံထပ်တက်ရပြန်ပါပြီ။ ကျောင်းစာလုပ်ရင်း ည ၁၁ နာရီလောက် ထပြေးကြည့်ရပါတယ်။ ထုံးစံအတိုင်းရေသောက်များပြီး ကျောက်ကပ်မကောင်းတော့ စွန့်မထုတ်နိုင်ပဲ အဆုတ်ထဲရေဝင် Read more

ငွေယူပြီး အဆက်အသွယ်မရတော့တဲ့ နာမည်ကြီး တေးရေးဆရာကြောင့် ပေါက်ကွဲနေတဲ့ ခွန်းဆင့်နေခြည်

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အဆိုတော် မင်းသမီးချောလေး ခွန်းဆင့်နေခြည်ကတော့ သူမချစ်ရတဲ့အနုပညာတွေကို ကြိုးစားလုပ်ကိုင်ရင်း သာယာတဲ့ ဘဝကိုရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမသီချင်းအပ်ထားတဲ့ နာမည်ကြီး တေးရေးဆရာတစ်ယောက်ရဲ့ ကတိဖောက်ဖျက်မှုကြောင့် စိတ်ညစ်နေရတဲ့အကြာင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ၂ လအတွင်း သီချင်းရေးပေးမယ်ပြောလို့ ငွေ ၆ သိန်း လွှဲပြီးကာမှ အဆက်အသွယ်မရတော့တာမို့ ခွန်းဆင့်နေခြည်တစ်ယောက် တော်တော်လေးကို ပေါက်ကွဲနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ငွေလွှဲပြီးကာမှ အဆက်အသွယ်ဖြတ်ထားတဲ့ နာမည်ကြီး တေးရေးဆရာအကြောင်း ထုတ်ပြောလိုက်တဲ့ ခွန်းဆင့်နေခြည်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ ခွန်းဆင့်နေခြည်ကတော့ Read more

ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ ​ပြောလာတဲ့ ယွန်းယွန်း

ယွန်းယွန်းက သရုပ်ဆောင်နဲ့ ပတ်သက်လို့ လူကြီးကာရိုက်တာနဲ့ ပရိသတ်အရှေ့ကို ရောက်လာခွင့်မရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ဆိုပါတယ်။ ပရိသတ်အချစ်တော်မလေး ယွန်းယွန်းက အနုပညာနဲ့ ပတ်သက်လာရင် ပရိသတ်တွေက ကလေးတစ်ယောက်လိုသာ မြင်နေကြတယ်လို့ ဆိုပါတယ်။သူမကိုယ်တိုင်ကလည်း လူကြီးကာရိုက်တာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခွင့်မရသေးဘူးလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။ ‘’ကလေးလိုပဲ မြင်နေကြတုန်းပေါ့နော်။ ပြီးတော့ ညီမမျက်နှာက သိပ်အပြောင်းအလဲမရှိဘူး။ အခုချိန်ထိလည်း လူကြီးကာရိုက်တာနဲ့ ပီပီပြင်ပြင်တစ်ကားမှ မရိုက်ပြရသေးဘူးဆိုတော့ ညီမကို ကလေး သရုပ်ဆောင်လို့ပဲ မြင်ကြမှာပေါ့နော်။ အဓိက ကတော့ ညီမအပေါ် စိတ်ဝင်တစားနဲ့ စောင့်ကြည့်ပေးနေတယ်ဆိုတာနဲ့တင် ကျေးဇူးတင်ပါတယ်’’ Read more

မိဘကျေးဇူးဆိုတာ မွေးပြီးလို့ ပစ်ထားခဲ့ရင်တောင်မှ မုန်းတဲ့စိတ်နဲ့ မကြည့်ပါနဲ့လို့ ဆိုလိုက်​တဲ့ မယ်​လိုဒီ

မယ်လိုဒီဟာ သူမရင်ထဲက ဖြစ်ပေါ်လာတဲ့ မိဘကျေးဇူးဆိုတာ မွေးပြီးလို့ ပစ်ထားခဲ့ရင်တောင်မှ မုန်းတဲ့စိတ်နဲ့ မကြည့်ပါနဲ့လို့ ဆိုပါတယ်။ ဘုရား၊ တရားကိုလည်း မမေ့ကြစေဖို့ အခုလို အကြံပြုစကားပြောထားပါသေးတယ်။ သရုပ်ဆောင် မယ်လိုဒီက သူမခံယူထားတဲ့ မိဘကျေးဇူးဆိုတာကို အခုလို ဖွင့်ပြောပြလာပါတယ်။ မိဘဆိုတာ ကိုယ်ဝန်ဆောင်ထားချိန်ကစပြီး မွေးဖွားလာခဲ့နိုင်တာနဲ့တင် ကျေးဇူးတရားကြီးနေပြီလို့ ရင်ဖွင့်စကားဆိုလာပါတယ်။ ‘’မိဘကျေးဇူးဆိုတာ စပြီးကိုယ်ဝန်ရှိကတည်းကဖျက်မချဘဲ မွေးခဲ့တာနဲ့တင် ကျေးဇူးကြီးမားလှပါပြီ။ လူတန်းစေ့မထားနိုင်တာ ပညာမသင်ပေးနိုင်တာ ငယ်ငယ်ရိုက်ခဲ့တာတွေ ထမင်းနပ်မမှန်တာတွေ ရှိနေခဲ့ရင်တောင် ကျေးဇူးကြီးမားလှပါတယ်။အသက်ရှင် နေသရွေ့ ဘယ်အရာမဆိုကြိုးစား လို့ရပါတယ်။ဘယ်သူ့ကိုမှအပြစ်မတင်ပါနဲ့၊ ကိုယ့်ကိုကိုယ်လည်းအပြစ်မတင်ပါနဲ့၊ ဒုက္ခ ပြဿနာဖြစ်လေ ဘုရားများများဝတ်ပြုပါ၊ပြဿနာချက်ခြင်း ဖြေရှင်းနိုင်ပြီး Read more