Cele

ရန်ကုန်စရောက်တုန်းက ဗမာစကားကိုပြောဖို့ကြောက်တယ်ဆိုတဲ့ ဝင့်ယမုံနိုင်

မြန်းဆိုတဲ့ ဝင့်ယမုံနိုင်ကတော့ ပရိသတ်ကြီးအားပေးမှုကိုရရှိထားတဲ့ MRTV-4 မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ တိုင်းရင်းသားတွေထဲက ထားဝယ်သူလေးတစ်ယောက်လဲဖြစ်ပါတယ်။ ရန်ကုန် စရောက်တုန်းက ဗမာစကားပြောရမှာကြောက်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ရန်ကုန်စရောက်တုန်းက မပြောရဲဘူး မပြောတတ်ဘူး ငါပြောလိုက်လို့မှားသွားရင်ငါ့ကိုလှောင်မလားရယ်မလား ငါကရန်ကုန်ကမဟုတ်ဘူးဆိုတာသိသွားမလားဆိုပြီးတွေးမိတယ်။ လူကြီးတွေက တိုက်ပေါ်ကနေ အောက်မှာတစ်ခုခုသွားဝယ်ခိုင်းရင် ဒါလေးပေးပါလို့ပြောရမှာမပြောရဲဘူး။ စကားတစ်ခွန်းပြောဖို့ရင်တွေတုန်တယ် နောက်ပိုင်းကြတော့လည်းအဆင်ပြေသွားတာပဲ။ တိုင်းရင်းသားတွေက အသဲဝဲဝဲ လေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ တိုင်းရင်းသားတွေမှာထူးခြားတာတစ်ခုက သူတို့ရိုးရာအစားအစာတွေပဲ။ အဲလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့လည်း ယမုံသဘောကျတယ်။ ဒေသအစားအစာတွေကိုကြိုက်ပါတယ်လို့ပြောပြထားပြီးတော့ ထားဝယ်သူလေးပီပီ ထားဝယ်ဒေသအကြောင်းကိုလည်း“…


MNA လေယာဉ်ပါ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ လေယာဉ်မှူးနဲ့ အဖွဲ့ကို ရွှေဒင်္ဂါးပြား လှူဒါန်းလိုက်တဲ့ နေမင်း

ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-မန္တလေးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ပရိသတ်တွေအတော်များများ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်..။ လေယာဉ်ရှေ့ဘီးချမရလို့ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတဲ့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်ကြောင့် ခရီးသည်တွေအားလုံး အသက်အန္တရာယ်ကင်းလွတ်ခဲ့တဲ့အတွက် လိုက်ပါသူခရီးသည်တွေကလည်း လေယာဉ်မှူးနဲ့အဖွဲ့ကို ပြန်လည်ဂုဏ်ပြုပေးခဲ့ကြပါတယ်..။ MNA လေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးတွေ စုပေါင်းပြီး လေယာဉ်မှူးဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို ဂုဏ်ပြုပွဲလေး ပြုလုပ်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော…


ကစ်ကစ် တစ်ယောက် အပူလွန်ပြီးရေသောက်များခဲ့တာကြောင့် အဆုတ်ထဲရေဝင်ကာ အမောဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ခင်သဇင်က ပြော

ဟာသသရုပ်ဆောင် ကစ်ကစ် တစ်ယောက် အပူလွန်ပြီးရေသောက်များခဲ့တာကြောင့် အဆုတ်ထဲရေဝင်ကာ အမောဖောက်ပြီး ဆေးရုံတင်လိုက်ရတယ်လို့ ခင်သဇင်က ပြောပါတယ်။ ကစ်ကစ်ရဲ့ ကျန်းမာရေးအခြေအနေဟာ မေလအတွင်းမှာ ပိုဂရုစိုက်ရတဲ့အနေအထားမှာရှိတယ်လို့ သိရပါတယ်။ တစ်နှစ်ကျော်အကြာ ကျောက်ကပ်ဝေဒနာခံစားနေရတဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ဟာ ဆေးရုံတက်ရလိုက်၊ ဆင်းရလိုက်ပါပဲ။ အခုလည်းမေလ ၁၉ ရက်နေ့က ဆေးရုံထပ်တက်ရတယ်လို့ ကစ်ကစ်ကို စောင့်ရှောက်နေသူ သရုပ်ဆောင် ခင်သဇင်က ပြောပါတယ်။ ‘’မနေ့ကမကစ် ဆေးရုံထပ်တက်ရပြန်ပါပြီ။ ကျောင်းစာလုပ်ရင်း ည ၁၁ နာရီလောက်…


ငွေယူပြီး အဆက်အသွယ်မရတော့တဲ့ နာမည်ကြီး တေးရေးဆရာကြောင့် ပေါက်ကွဲနေတဲ့ ခွန်းဆင့်နေခြည်

အဆိုပိုင်းမှာရော သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့ အဆိုတော် မင်းသမီးချောလေး ခွန်းဆင့်နေခြည်ကတော့ သူမချစ်ရတဲ့အနုပညာတွေကို ကြိုးစားလုပ်ကိုင်ရင်း သာယာတဲ့ ဘဝကိုရှေ့ဆက်နေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ သူမသီချင်းအပ်ထားတဲ့ နာမည်ကြီး တေးရေးဆရာတစ်ယောက်ရဲ့ ကတိဖောက်ဖျက်မှုကြောင့် စိတ်ညစ်နေရတဲ့အကြာင်း လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ၂ လအတွင်း သီချင်းရေးပေးမယ်ပြောလို့ ငွေ ၆ သိန်း လွှဲပြီးကာမှ အဆက်အသွယ်မရတော့တာမို့ ခွန်းဆင့်နေခြည်တစ်ယောက် တော်တော်လေးကို ပေါက်ကွဲနေတာပါ။ မိုမိုလေးချစ်ပရိသတ်တွေအတွက် ငွေလွှဲပြီးကာမှ အဆက်အသွယ်ဖြတ်ထားတဲ့ နာမည်ကြီး…


ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ ​ပြောလာတဲ့ ယွန်းယွန်း

ယွန်းယွန်းက သရုပ်ဆောင်နဲ့ ပတ်သက်လို့ လူကြီးကာရိုက်တာနဲ့ ပရိသတ်အရှေ့ကို ရောက်လာခွင့်မရသေးဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ကလေးတစ်ယောက်လိုသာ နေချင်သေးတယ်လို့ဆိုပါတယ်။ ပရိသတ်အချစ်တော်မလေး ယွန်းယွန်းက အနုပညာနဲ့ ပတ်သက်လာရင် ပရိသတ်တွေက ကလေးတစ်ယောက်လိုသာ မြင်နေကြတယ်လို့ ဆိုပါတယ်။သူမကိုယ်တိုင်ကလည်း လူကြီးကာရိုက်တာနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခွင့်မရသေးဘူးလို့ မီဒီယာအင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။ ‘’ကလေးလိုပဲ မြင်နေကြတုန်းပေါ့နော်။ ပြီးတော့ ညီမမျက်နှာက သိပ်အပြောင်းအလဲမရှိဘူး။ အခုချိန်ထိလည်း လူကြီးကာရိုက်တာနဲ့ ပီပီပြင်ပြင်တစ်ကားမှ မရိုက်ပြရသေးဘူးဆိုတော့ ညီမကို ကလေး သရုပ်ဆောင်လို့ပဲ မြင်ကြမှာပေါ့နော်။ အဓိက…


မိဘကျေးဇူးဆိုတာ မွေးပြီးလို့ ပစ်ထားခဲ့ရင်တောင်မှ မုန်းတဲ့စိတ်နဲ့ မကြည့်ပါနဲ့လို့ ဆိုလိုက်​တဲ့ မယ်​လိုဒီ

မယ်လိုဒီဟာ သူမရင်ထဲက ဖြစ်ပေါ်လာတဲ့ မိဘကျေးဇူးဆိုတာ မွေးပြီးလို့ ပစ်ထားခဲ့ရင်တောင်မှ မုန်းတဲ့စိတ်နဲ့ မကြည့်ပါနဲ့လို့ ဆိုပါတယ်။ ဘုရား၊ တရားကိုလည်း မမေ့ကြစေဖို့ အခုလို အကြံပြုစကားပြောထားပါသေးတယ်။ သရုပ်ဆောင် မယ်လိုဒီက သူမခံယူထားတဲ့ မိဘကျေးဇူးဆိုတာကို အခုလို ဖွင့်ပြောပြလာပါတယ်။ မိဘဆိုတာ ကိုယ်ဝန်ဆောင်ထားချိန်ကစပြီး မွေးဖွားလာခဲ့နိုင်တာနဲ့တင် ကျေးဇူးတရားကြီးနေပြီလို့ ရင်ဖွင့်စကားဆိုလာပါတယ်။ ‘’မိဘကျေးဇူးဆိုတာ စပြီးကိုယ်ဝန်ရှိကတည်းကဖျက်မချဘဲ မွေးခဲ့တာနဲ့တင် ကျေးဇူးကြီးမားလှပါပြီ။ လူတန်းစေ့မထားနိုင်တာ ပညာမသင်ပေးနိုင်တာ ငယ်ငယ်ရိုက်ခဲ့တာတွေ ထမင်းနပ်မမှန်တာတွေ ရှိနေခဲ့ရင်တောင် ကျေးဇူးကြီးမားလှပါတယ်။အသက်ရှင် နေသရွေ့ ဘယ်အရာမဆိုကြိုးစား…


သမီးလေးရဲ့ ရင့်ကျက်တည်ငြိမ်မှုတွေအကြောင်းပြောလာတဲ့ မေကဗျာ

သရုပ်ဆောင်မေကဗျာက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အတွေးအခေါ်ရင့်ကျက်လွန်းတဲ့ သမီးလေး ဂင်္ဂါမေအကြောင်း ပြောပြလာပါတယ်။ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်နေပြီဖြစ်သလို၊ စီးပွားရေးဘက်မှာလည်း အထောက်အကူပေးနိုင်နေပါပြီတဲ့။ မေကဗျာက အသက် ၁၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ တစ်ဦးတည်းသော သမီးလေး ဂင်္ဂါမေ အကြောင်း အခုလိုပြောပြလာပါတယ်။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်မှုကိစ္စတွေလည်း လုပ်နိုင်နေပြီလို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ ‘’ ကဗျာတို့ဆိုလည်း ဒီနေ့ ဒီအချိန်ထိ အမေ့ရဲ့ အုပ်ထိန်းမှုအောက်မှာ နေလာတာ။…


လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က မြို့ဦးစေကို သရုပ်ဆောင်လွင်မိုးက ပြန်လည်ပြုပြင်သွားပါမယ်တဲ့

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးသွားတဲ့ မြောက်ဦးမြို့နယ်က မြို့ဦးစေကို သရုပ်ဆောင်လွင်မိုးက ပြန်လည်ပြုပြင်သွားပါမယ်တဲ့။ သရုပ်ဆောင်လွင်မိုးက ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက မြို့ဦးစေတီကို ပြန်လည်ပြုပြင်ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဒီစေတီဟာ လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တာကို တွေ့ရပါတယ်။ 2006..ခုနှစ်မှာထီးတင်ခဲ့ပြီး 2016ခုနှစ်မှာပြန်လည်မွန်းမံခဲ့တဲ့ မြောက်ဦးမြို့ကမြို့ဦးခေါင်းစေတီ လေပြင်းတိုက်၍ အမိုးပြိုပျက် အမြန်ဆုံးပြုပြင်ရန်စီစဉ်ဆောင်ရွက်နေပါသည် ’’ ဆိုပြီးတော့ မေလ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ အဲဒီနောက် ယိုယွင်းပျက်စီးသွားတဲ့ စေတီတော်ကြီးရဲ့ ဓာတ်ပုံကိုလည်း…


ကလေးနဲ့ဦးရဲ့အချစ်တွေကိုဖော်ထုတ်လိုက်ပြီဖြစ်တဲ့ ခန့်စည်သူနဲ့ ယဉ်လတ်

အကယ်ဒမီခန့်စည်သူနဲ့ အက်ရှင်မင်းသမီးလေး ယဉ်လတ်တို့နှစ်ယောက်ရဲ့ ကြည်နူး စရာအချစ်ဇာတ်လမ်းလေးဟာ မကြာခင်မှာပဲ ပရိသတ်တွေ ရှေ့ကိုရောက်ရှိလာတော့ မှာပဲဖြစ်ပါတယ် အကယ်ဒမီခန့်စည်သူနဲ့ အက်ရှင်မင်းသမီးလေး ယဉ်လတ်တို့နှစ်ယောက်ရဲ့ ကြည်နူး စရာအချစ်ဇာတ်လမ်းလေးဟာ မကြာခင်မှာပဲ ပရိသတ်တွေ ရှေ့ကိုရောက်ရှိလာတော့ မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ ဦးနဲ့ကလေးရဲ့ ချစ်ခြင်းမေတ္တာတွေကို မြင်တွေ့ရမှာဖြစ်ပြီး အသက်ကြီးကြီး ဦးလေးကြီးနဲ့ ချစ်စရာကောင်းတဲ့ သွက်သွက်လက် လက်အရွယ် ကလေးတို့ရဲ့ အချစ်ဖြစ်ပေါ်လာပုံလေးကို ရင်ခုန်ချင်စရာရိုက်ကူးထားတာ ဖြစ်လို့ ပရိသတ်တွေလည်း ကြည့်နေရင်းနဲ့ ကြည်နူးရမှာအသေအချာပါပဲ။ ခန့်စည်သူတစ်ယောက်…


ခြေထောက်မပါပေမယ့် တောင်ပေါ်ရွာတွေမှာ ၁၅ နှစ်ကျော်ကြာ ဆေးကုပေးခဲ့တဲ့ ဆရာဝန်

ခြေထောက်မပါပေမယ့် တောင်ပေါ်ရွာတွေမှာ ၁၅ နှစ်ကျော်ကြာ ဆေးကုပေးခဲ့သော ဆရာဝန် တကယ့်ဇွဲသတ္တိနဲ့ စေတနာဆိုတာ နှလုံးသားက လာပါတယ်။ အခုပြောမယ့် တရုတ်ပြည်က ကျေးလက်ဆရာဝန်ကတော့ နှလုံးလှရုံတင်မဟုတ်ဘဲ စံထားလောက်တဲ့ အာဇာနည်အမျိုးသမီးပါ။ လီဟောင်ဂျူဟာ တရုတ်နိုင်ငံအနောက်တောင်ပိုင်း Chongqing လို့ ခေါ်တဲ့ တောင်တန်းဒေသမှာ ဆယ်စုနှစ် နှစ်ခုနီးပါး ဆေးကုသပေးခဲ့တဲ့ နယ်လှည့်ဆရာဝန် တစ်ဦး ဖြစ်ပါတယ် ခြေထောက်မရှိတဲ့ လီဟောင်ဂျူဟာ အိမ်ထောင်စု ၃၀၀ မှ ရွာသား ၁၀၀၀ကျော်ကို…