ဘစ်ဆာကာအတွက် ၊ယူနိုက်တက်ကို ဈေးသတ်မှတ်ပေးလိုက်တဲ့ ခရစ်စတယ်ပဲလေ့စ်

  ခရစ်စတယ်ပဲလေ့စ် အသင်းကတော့ ၊ မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ညာနောက်ခံလူ ဘစ်ဆာကာအတွက် သန်း ၆၀ ဈေးနှုန်းသတ်မှတ်ပေးလိုက်ပါတယ်။ ယခုနှစ်မှာ ပဲလေ့စ်အသင်းနဲ့ အတူအကောင်းဆုံးပုံစံမှာရှိနေပြီး၊ ၃ နှစ်စာချုပ်ကျန်ရှိနေသေးတဲ့ နောက်ခံလူကို လက်မလွှတ်ချင်တာကြောင့်လည်း ၊ မြင့်မားတဲ့ဈေးနှုန်းသတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြကြီး ဆိုးရှားအနေနဲ့လည်း၊ အသင်းကို ပြန်လည်တည်ဆောက်လိုနေပြီး ၊ လိုအပ်နေတဲ့ ညာနောက်ခံလူ၊ ဗဟိုခံစစ်မှူး၊ ဘယ်နောက်ခံလူ နဲ့ ညာတောင်ပံ ကစားတစ်ဉီးစီတို့ကို အရခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ညာနောက်ခံလူ ဘစ်ဆာကာ အတွက်ကတော့ ကောင်းမွန်တဲ့စွမ်းရေတွေနဲ့ ၊ ပရီးမီးယားလိဒ်မှာ Read more

ဖိုင်နယ်ပွဲတိုင်းရှုံးနိမ့်ခဲ့ဘူးတဲ့ မိမိရဲ့အစဉ်အလာတွေ ထပ်ဖြစ်လာမှာမဟုတ်ဖူးလို့ ဆိုလိုက်တဲ့ ဂျာဂင်ကလော့

  လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင်ကတော့ ကတော့ သူ့အနေနဲ့ တတိယမြောက်ဖြစ်လာတဲ့၊ ယခုနှစ်ချန်ပီယံလိဒ် ဖိုင်နယ်ပွဲစဉ်မှာတော့ ကံကောင်းခြင်းတွေရရှိလာမယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးအသင်းကတော့ ဇွန်လ ၁ ရက်နေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားရမဲ့ ၊ ပြည်တိုင်းပြိုင်ဘက် စပါးအသင်းနဲ့ပွဲစဉ်အတွက်၊ ယခုအပတ်မှာသွားရောက်ပြီး လေ့ကျင့်ခန်းဆင်းတော့မှာပဲဖြစ်ပါတယ်။ နည်းပြကလော့အနေနဲ့ကတော့၊ ချန်ပီယံလိဒ်ဖိုင်နယ်ကို ၂ ကြိမ်ထိတက်ရောက်ထားနိုင်ခဲ့ပြီး၊ ၂ ကြိမ်လုံးရှုံးနိမ့်ထားတဲ့ အစဉ်အလာရှိနေပါတယ်။ ၂၀၁၃ ခုနှစ် ဝင်ဘာလေမှာကျင်းပခဲ့တဲ့၊ ဖိုင်နယ်ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းကိုကိုင်တွယ်ခဲ့ပြီး၊ ဘွန်ဒက်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး ၊ Read more

စည်းမျဉ်းအသစ် ၅ မျိုးနဲ့ အကျိုးဖြစ်ထွန်းလာနိုင်တဲ့ ပရီးမီးယားလိဒ်ကလပ်အသင်းများ

၂၀၁၉၊၂၀၂၀ ရာသီမှာအသုံးပြုမဲ့ စည်းမျဉ်းအသစ်ကြောင့် အဲဗာတန်၊ လီဗာပူးနဲ့ အခြားသောပရီးမီးယားလိဒ်အသင်းတွေအတွက် အကျိုးအမြတ်များစွာဖြစ်ထွန်းလာဖို့ရှိနေပါတယ်။ ၂၀၁၉၊၂၀၂၀ ရာသီပြီးဆုံးချိန်မှာတော့ လီဗာပူးအသင်းက မန်ချက်စတာစီးတီးအသင်းရဲ့နောက် ဒုတိယနေရနဲ့ ကျေနပ်ခဲ့ရပြီး၊ အဲဗာတန်အသင်းကတော့ အဆင့် ၈ နေရာနဲ့ ပြီးဆုံးခဲ့ရပါတယ်။ Championship Play-off Final/ Champion League Final / Europa League Final တို့ ကျန်ရှိနေပေမယ့်လည်း ၊ လာမဲ့ရာသီသစ်မှာ အသုံးပြုမဲ့စည်းမျဉ်းအသစ်ကတော့ ထွက်ပေါ်လာခဲ့ပါတယ်။ စည်းမျဉ်းအသစ်မှာတော့ ပရီးမီးယားလိဒ်ကလပ်အသင်းတွေအတွက် အလားအလာကောင်းတွေများစွာပါဝင်လာခဲ့ပါတယ်။ VAR စနစ်ပါဝင်လာမယ်လို့ အစောပိုင်းကတည်းကသိရှိခဲ့ပေမယ့်လည်း၊ Read more

ယူရိုပါလိဒ် Play-off တွင် Gaint Killer များနဲ့တွေ့ဆုံဖို့ရှိနေတဲ့ ဝုဖ် အသင်း

ပရီးမီးယားလိဒ် တန်းတက်အသင်းအဖြစ်နဲ့ ခြေစွမ်းကောင်းတွေဆက်တိုက်ပြထားနိုင်ခဲ့တဲ့၊ ပရီးမီးယားလိဒ်ရဲ့ Gaint Killer ကြီး ဝုဖ် အသင်းကတော့၊ မန်စီးတီးအသင်း FA ဖလားကိုရရှိသွားတာကြောင့် အဆင့် ၇ နေရာကနေ ၊ ယူရိုပါလိဒ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရဖို့သေချာသွားခဲ့ပြီ။ ဝုဖ် အသင်းအနေနဲ့တော့ ယူရိုပါလိဒ်ပြိုင်ပွဲကို Play-off အဆင့်ကနေစတင်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နှစ်ပေါင်း ၄၀ ကျော်ကြာမှ ဥရောပဆင်မြင့်ထက်ကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဝုဖ် အသင်းကတော့ ၊ ယခင်နှစ်က ဘန်လေအသင်းလိုမျိုးထပ်မံလုပ်ပြနိုင်ခဲ့ပြီး၊ ဒုတိယအဆင့် Play-off ကနေယှဉ်ပြိုင်ပြီးမှာ အုပ်စုအဆင့်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ယူရိုပါလိဒ်ဝင်ခွင့်အတွက် အသင်းပေါင်း Read more

တစ်ပတ်အတွင်း ပရီးမီးယားလိဒ် အပြောင်းအရွေ့သတင်းများ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ပေါ့ဘာ က သူ့အနေနဲ့ အပြောင်းအရွေ့ကာလအတွင်း ၊ သူ့ရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ကမ်းလှမ်းချက်ပြုလုပ်လာခဲ့ရင် ထွက်ခွာခွင့်ရဖို့ တောင်းဆိုခဲ့ပါတယ်။ အက်သလက်တီကို အသင်းတိုက်စစ်မှူး အန်တိုနီ ဂရစ်စမန်းရဲ့ ရှေ့နေကတော့၊ ယခုအပတ်အတွင်း ဘာစီလိုနာအသင်းနဲ့ ညှိနှိုင်းမှုပြုလုပ်သွားမှာဖြစ်ပြီး၊ သန်း ၁၀၈ နဲ့သဘောတူညီမှုရရှိဖို့နီးစပ်နေတယ်လို့သိရပါတယ်။ အပြောင်းအရွေ့ ၂ ရာသီပိတ်ပင်ခံထားရတဲ့ ချယ်လ်ဆီးအသင်းကတော့ ၊ အကယ်၍ အပြောင်းအရွေ့ရပ်ဆိုင်းမှု လွတ်မြောက်ခဲ့ပြီဆိုရင်တော့ အေဂျက်လူငယ်ကစားသမား နီရက် ကို ၊ ပေါင်သန်း ၄၀ နဲ့ကမ်းလှမ်းမှုပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ချယ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းရဲ့ Read more

စီးရီးအေ ပထမဆုံးရာသီမှာ MVP (most valuable award) ဆုရရှိခဲ့တဲ့ ရော်နယ်ဒို

  ဂျူဗင်တပ် တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒို ကတော့ စီးရီးအေ ပထမဆုံးရာသီမှာပဲ စီးရီးအေ ရဲ့ တန်ဖိုးအရှိဆုံးကစားသမားဆုဖြစ်တဲ့ MVP ဆုကို ရရှိခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ကတော့ ယခုနှစ်ရာသီ စီးရီးအေပြိုင်ပွဲ ၃၃ ပွဲမှာ ၂၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး၊ ၁၁ ကြိမ်ဂိုးဖန်တီးမှုပြုလုပ်ထားနိုင်ခဲ့ပါတယ်။ အီတလီစီးရီးအေ ကယခုပေးအပ်တဲ့ဆုကိုတော့ ကစားသမားတွေရဲ့ တစ်ရာသီလုံး ပါဝင်ကစားခဲ့တဲ့ အချက်အလက်တွေနေ ပေးအပ်ခဲ့တာဖြစ်ပါတယ်။ အခြားသောဆုတွေကိုတော့၊ နာပိုလီခံစစ်မှူး ကူယီဘာလီ၊ လာဇီယိုကွင်းလယ်လူ ဆာဗစ်၊ အင်တာမီလန် ဂိုးသမား ဟန်ဒါနိုဗစ်၊ ဆန်ဒိုးရီးယား Read more

စပိန်မှာ ဈေးကွက်ရှာနေတဲ့ နည်းပြ အမ်မရီ

အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီကတော့ စပိန်ကိုရောက်ရှိနေခဲ့ပြီး၊ လီဗန်တေး အသင်းနဲ့ အက်သလက်တီကို မက်ဒရစ်အသင်းတို့ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ ရာသီကုန်အနေအထားမှာ အဆင့် ၄ တွင်းမဝင်နိုင်ခဲ့ဘဲ၊ ချန်ပီယံလိဒ်ဝင်ခွင့်နဲ့ ဝေးကွာခဲ့ပေမယ့်၊ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမဲ့ ယူရိုပါလိဒ် ဖိုင်နယ်ပွဲစဉ်မှာ ၊ ဗိုလ်စွဲနိုင်ခဲ့မယ်ဆိုရင်တော့ ၊ အမ်မရီအတွက် ကောင်းခြင်းတွေဖြစ်လာနိုင်မှာပါ။ အာဆင်နယ်အသင်းဘက်က နည်းပြအမ်မရီကို ၊ နွေရာသီအပြောင်းအရွေ့ဈေးကွက်အတွက် ပေါင် သန်း ၄၀ သာထုတ်ပေးသွားဖို့ရှိနေပြီး၊ အသင်းကရောင်းချနိုင်တဲ့ကစားသမားတွေရဲ့ ဝင်ငွေများမှသာ၊ လိုအပ်တဲ့နေရာတွေအတွက် ကစားသစ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ အမ်မရီကတော့ အပြောင်းအရွေ့ဈေးကွက်မှာ ၊ နောက်ခံကစားသမားတစ်ဉီးနဲ့ Read more

၇ နှစ်ဆက် ချန်ပီယံ ဖြစ်လာခဲ့တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်အသင်းကတော့ ယနေ့ယှဉ်ပြိုင်ကစားခဲ့တဲ့ League နောက်ဆုံးပွဲစဉ်မှာ ဖရန့်ဖတ်အသင်းအား ၅ ဂိုး ၁ ဂိုးဆိုတဲ့ပြတ်သားတဲ့အနိုင်ရလဒ်ရယူခဲ့ပြီး၊ ဘွန်ဒက်လီဂါဖလားကို တော့ထိုက်ထိုက်တန်တန်ဆွတ်ဖူးသွားခဲ့ပြန်ပါပြီ။ ရာသီဝက်အနေအထားမှာ ဒေါ့မွန်အသင်းနောက် ၉ မှတ်အကွာရှိနေခဲ့ပြီး၊ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေယူဆောင်နိုင်ခဲ့တာကြောင့် ရာသီကုန်ခါနီးမှာ ဇယားရဲ့ပထမနေရာကို ပြန်လည်သိမ်ပိုက်နိုင်ခဲ့ပြီး၊ ဘွန်ဒက်လီဂါဖလားကိုပါ ၇ နှစ်ဆက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒေါ့မွန်အသင်းကတော့ သူတို့အသင်းရဲ့ ကစားသမားတွေအနေနဲ့ ဒဏ်ရာပြသနာတွေနဲ့၊ ခြေစွမ်းပိုင်းမတည်ငြိမ်မှုတွေကြောင့် ဒုတိယနေရာနဲ့သာကျေနပ်ခဲ့ရပါတယ်။ ချန်ပီယံလိဒ်ဝင်ခွင့်အဖြစ် ၊ ဒေါ့မွန်၊ လေဗာကူဆင်အသင်းနဲ့ လိုက်ဇစ်အသင်းတို့ကရရှိခဲ့ပြီး၊ ယူရိုပါလိဒ်ဝင်ခွင့်ကိုတော့ မိုချန်ဂလာဘတ်၊ ဝုလ်ဘတ် နဲ့ ဖရန့်ဖတ်အသင်းတို့ကရရှိခဲ့ပါတယ်။ Read more

လက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကစားသမား အန်ဒီဒီကို ခေါ်ယူပေးဖို့တောင်းဆိုခဲ့တဲ့ ယူနိုက်တက်ပရိသတ်များ

အင်္ဂလန်မှာရှိတဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေကတော့ လက်စတာစီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒီဒီကို အပြောင်းအရွေ့ဈေးကွက်အတွင်း ခေါ်ယူပေးဖို့တောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ နွေရာသီမှာပြောင်းရွေ့တော့မှာဖြစ်တဲ့ ကွင်းလယ်အဖျက်ကစားသမား အန်ဒါ ဟာရဲရား ရဲ့နေရာကိုဖြည့်စွက်နိုင်ဖို့အတွက် တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။ နည်းပြဆိုးရှားအနေနဲ့ ကတော့ ပေါလ်ပေါ့ဘာ နဲ့ နီမန်ဂျာ မာတစ်တို့နဲ့ အတူပွဲထွက်ကစားနိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ လူငယ်ကစားသမားတစ်ဉီးကိုအလိုရှိနေတာပဲဖြစ်ပါတယ်။ နာမည်ကြီး သတင်းဌာနတစ်ခုဖြစ်တဲ့ MEN က ယူနိုက်တက်ပရိသတ်တွေကို စစ်တမ်းကောက်ခံခဲ့ရာမှာတော့ ပရိသတ် ၃၅% က လက်စတာစီးတီးကွင်းလယ်ကစားသမား အန်ဒီဒီ၊ ၂၆ % ကတော့ လက်စတာစီးတီးအသင်းမှာ အဌားလာရောက်ကစားနေတဲ့ ကွင်းလယ်ကစားသမား တိုင်လီမန်၊ Read more

၂၀၁၉ ၊ နွေရာသီအပြောင်းအရွေ့ဈေးကွက်အကြောင်း

ဘောလုံးရာသီပြီးဆုံးခါနီးတိုင်း ကျွန်တော်တို့ ပရိသတ်တွေအနေနဲ့ လည်ပင်းရှည်ကြရစမြဲပါပဲ။ ကိုအားပေးတဲ့အသင်းနဲ့ ရောက်စေချင်တဲ့ကစားသမားတွေကို နှစ်တိုင်းစောင့်မျှော်ကြည့်နေခဲ့ရတာပါပဲ။ ၂၀၁၉ ခုနှစ်ရဲ့ ရာသီကုန်အနေအထားကိုရောက်လာခဲ့ပြီဆိုတော့ ၊ အသင်းတွေအနေနဲ့ လာမဲ့ရာသီမှာ အသင်းအတွက် လိုအပ်တဲ့ကစားသမားတွေကို အရခေါ်ယူနိုင်ဖို့ ကြိုးစားနေကြတာပဲဖြစ်ပါတယ်။အသင်းကနေပြောင်းရွေ့ချင်တဲ့ ကစားသမားတွေအနေနဲ့လည်း ဒီအချိန်ကို စောင့်မျှော်နေကြတာပဲဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် အပြောင်းအရွေ့ရာသီမှာ ၊ ပရီးမီးယားလိဒ်ကလပ်တွေအနေနဲ့ကတော့ မေလ ၁၆ ရက်နေ့ကစတင် ပြောင်းရွေ့ခွင့်ရရှိခဲ့ပါတယ်။ ၁၆ ရက်နေ့မတိုင်ခင်မှာ ညှိနှိုင်းမှုတွေပြုလုပ်နိုင်ပြီး၊ သတ်မှတ်ရက်ရောက်ရင်တော့ စတင်အပြောင်းအရွေ့ပြုလုပ်နိုင်ပါပြီ။ ဒါပေမယ့် ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ အပြောင်းအရွေ့စတင်ပြုလုပ်နိုင်တာကတော့ ဇွန်လ ၁၁ Read more