Sports

ဟာဇက်ကို သန်း ၁၃၀ ဈေးသတ်မှတ်လိုက်တဲ့ ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းက၊ တောင်ပံကစားသမား ဟာဇက်ကို အလိုရှိနေတဲ့ ရီးရဲမက်ဒရစ်အသင်းအတွက် သန်း ၁၃၀ ဈေးသတ်မှတ်ပေးလိုက်ပါတယ်။ အေဒင်ဟာဇက် ကိုတော့ စပိန်ထိပ်သီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ အချိန်အတော်ကြာစိတ်ဝင်စားနေတာဖြစ်ပြီး၊ ယခုနွေရာသီအပြောင်းအရွေ့ကာလမှာတော့ ၊ ဘာနေဗျူးကို အရခေါ်ယူသွားမယ်လို့သိရပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ကလည်း ၁၂ လစာချုပ်ကျန်ရှိနေသေးပြီး၊ ကစားသမားကိုယ်တိုင်က အသင်းပြောင်းရွေ့လိုတာကြောင့် ရောင်းချဖို့အတွက် စိုးရိမ်ပူပန်နေခြင်းမရှိဘူးလို့သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ကတော့ ကစားသမားအတွက် ၈၈ သန်း သာပေးချေလိုတာကြောင့် ၊ ကလပ်အသင်း ၂ ခုကြားမှာ အနည်းငယ်ညှိနှိုင်းစရာတွေတော့ ရှိနေပါတယ်။ချယ်လ်ဆီးအသင်းအလိုရှိတဲ့…

Read More

UEFA ရဲ့ဆုံးဖြတ်ချက်က အာဆင်နယ်အသင်းနဲ့ ပရိသတ်တွေအတွက် အိပ်မက်ဆိုးတစ်ခုဖြစ်တယ်လို့ ဆိုလိုက်တဲ့ နည်းပြဟောင်း အာဆင်ဝင်းဂါး

အာဆင်ဝင်းဂါးက ယူရိုပါလိဒ်ဖိုင်နယ်ပွဲကို လိုက်ပါကြည့်ရှုမဲ့ ၊ အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်း ပရိသတ်တွေအတွက် ခက်ခဲတဲ့ ခရီးတစ်ခုဖြစ်မယ်လို့ပြောကြားခဲ့ပါတယ်။ UEFA က ဆုံးဖြတ်ခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်အတွက် ကစားကွင်းရွေးချယ်မှုက ပြည့်စုံတဲ့ ထောက်ပံ့မှုရရှိမှာမဟုတ်ဘူးလို့လည်းဆိုခဲ့ပါတယ်။ အဇာဘိုင်ဂျန် နိုင်ငံရဲ့ ၊ Baku ကွင်းဟာ အင်္ဂလန်ပရိသတ်တွေအတွက် သွားလာရခက်ခဲမှုကြောင့်လည်းဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ Play-Marker ကစားသမား မစ်ခီတာရန်းကို၊ သူ့ရဲ့ နိုင်ငံကြားမှာရှိနေတဲ့ လူမှုရေးပြသနာတွေကြောင့် ခေါ်ဆောင်ခွင့်မရရှိခဲ့ပါဘူး။ အာဆင်ဝင်းဂါးကတော့ ဒီအခြေအနေကို တကယ်မပျော်မရွှင်ဖြစ်နေတာဖြစ်ပြီး၊…