အရမ်းချောသောကြောင့် အလုပ်ရဖို့ ခက်ခဲနေသော မိန်းကလေး

အသက် ၃၃နှစ်အရွယ် ဥပဒေဘွဲ့ရထားသူ လန်ဒန်နိုင်ငံမှ မိန်းကလေးတစ်ယောက်သည် သူမ၏ရုပ်သည် အရမ်းချောနေသည့်အတွက် အလုပ်ရှာဖို့ ခက်ခဲ့သည့်ကိုကြုံတွေ့ရပြီးနောက်ပိုင်း အွန်လိုင်းပေါ်တွင်သာ ရာသီပေါ်အဝတ်အစား လက်လီ‌ရောင်းတဲ့ အလုပ်လုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။ ရျရှားနိုင်ငံဖွား Irina Kova က ဆွဲဆောင်မှုရှိတာက သူမကို London မြို့မှာ အလုပ်ရဖို့အတွက် ခက်ခဲစေပါတယ်လို့ပြောကြားခဲ့ပါတယ်။Kova က သူမ၏ကြည့်ကောင်းတဲ့ ရုပ်ရည်ဟာသူမရဲ့အလုပ်အကိုင်ကို ပျက်စီးစေပြီးပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်ရှာဖွေဖို့ ခက်ခဲစေပါတယ်။ဥပဒေဘွဲ့ ရရှိထားခြင်းနဲ့ အထင်ကြီးစေလောက်တဲ့ အလုပ်လျှောက်စာကလည်း သူမ၏အခြေအနေကို ပိုမိုဆိုးရွားစေပါတယ်။ The Sun သတင်းစာကိုသူမပြောကြားခဲ့တာက သူမရဲ့ ညှို့အားကောင်းမှုကြောင့် အိမ်ငှါးနေခြင်းနဲ့ Read more

ဘစ်ဆာကာအတွက် ၊ယူနိုက်တက်ကို ဈေးသတ်မှတ်ပေးလိုက်တဲ့ ခရစ်စတယ်ပဲလေ့စ်

  ခရစ်စတယ်ပဲလေ့စ် အသင်းကတော့ ၊ မန်ချက်စတာယူနိုက်တက်အသင်း အလိုရှိနေတဲ့ ညာနောက်ခံလူ ဘစ်ဆာကာအတွက် သန်း ၆၀ ဈေးနှုန်းသတ်မှတ်ပေးလိုက်ပါတယ်။ ယခုနှစ်မှာ ပဲလေ့စ်အသင်းနဲ့ အတူအကောင်းဆုံးပုံစံမှာရှိနေပြီး၊ ၃ နှစ်စာချုပ်ကျန်ရှိနေသေးတဲ့ နောက်ခံလူကို လက်မလွှတ်ချင်တာကြောင့်လည်း ၊ မြင့်မားတဲ့ဈေးနှုန်းသတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ယူနိုက်တက်နည်းပြကြီး ဆိုးရှားအနေနဲ့လည်း၊ အသင်းကို ပြန်လည်တည်ဆောက်လိုနေပြီး ၊ လိုအပ်နေတဲ့ ညာနောက်ခံလူ၊ ဗဟိုခံစစ်မှူး၊ ဘယ်နောက်ခံလူ နဲ့ ညာတောင်ပံ ကစားတစ်ဉီးစီတို့ကို အရခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ ညာနောက်ခံလူ ဘစ်ဆာကာ အတွက်ကတော့ ကောင်းမွန်တဲ့စွမ်းရေတွေနဲ့ ၊ ပရီးမီးယားလိဒ်မှာ Read more

ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ် ဘရိုက်တန်အသင်း တရားဝင်ခန့်အပ်

  ပရီးမီးယားလိဒ်မှာ အဆင့် ၁၇ ဖြင့် နောက်ရာသီမှာ ၊ ထပ်မံတင်ကျန်ခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ ထုတ်ပယ်လိုက်တဲ့ နည်းပြ ခရစ်ဟူတန် ရဲ့နေရာမှာ၊ အစားထိုးခန့်အပ်ဖို့အတွက် ယနေ့ညနေ ၄ နာရီခွဲက၊ တရားဝင်သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး၊ ဂရေဟမ်ပေါ်တာကို နည်းပြသစ်အဖြစ်တရားဝင်ကြေငြာခဲ့ပါတယ်။ ဆွမ်ဆီးစီးတီးအသင်း ဘက်ကစာချုပ်သက်တမ်းထပ်မံ မချုပ်ဆိုနိုင်တာကြောင့်၊ ဘရိုက်တန်အသင်းနဲ့ချိတ်ဆက်နိုင်ခဲ့ပြီး၊ အသင်းရဲ့နည်းပြအဖြစ်တရားဝင်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံရှစ်ကနေ တန်းတက်ခွင့်မရနိုင်ခဲ့တာကြောင့် ၊ အောင်မြင်မှုတွေ ရယူထားနိုင်ခဲ့တဲ့ အော်စတာဆန် နည်းပြကြီး ပေါ်တာကတော့၊ ယနေ့ညနေမှာ ဘရိုက်တန်အသင်းရဲ့နည်းပြ တရားဝင်ဖြစ်လာခဲ့ပါတယ်။ ဘရိုက်တန်အသင်း တာဝန်ရှိသူတွေအနေနဲ့ကလည်း၊ ရာသီသစ်အတွက်ကြိုတင်ပြင်ဆင်နိုင်ရန်ကြောင့်၊ နည်းပြသစ်တစ်ဦးကို Read more

အနုပညာခြေလှမ်းတွေ ကျဲသွားတာ ဘာကားမှမရိုက်ချင်တော့လို့ပါလို့ပြောလာတဲ့ မေကဗျာ

နိုင်ငံကျော် ရုပ်ရှင် မင်းသမီး မေကဗျာ တစ်ယောက် ကားရိုက်ကျဲ သွားတာကို ပရိသတ်တွေသတိထားမိလာကြမှာပါ ။ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ထူထောင်ထားပြီး ဝါသနာကို မစွန့်လွှတ်နိုင်သေးတဲ့အတွက် မေကဗျာတစ်ယောက် ကားရိုက်တွေကို သူမအတွက် အဆင်ပြေနိုင်မယ့် ဇာတ်ကားတွေကို သေသေချာချာ စိစစ်လက်ခံပြီးမှ ရိုက်ကူးပေးနေပေမယ့် နောက်ပိုင်းလာငှားတဲ့ ကားတွေက မကြိုက်လို့အဆင်မပြေလို့ မရိုက်ဖြစ်ဘူးလို့ ဆိုလာပါတယ် ။ မကြိုက်လို့ ဆိုတာက နောက်ပိုင်းကားလာငှားတဲ့အခါ အနုပညာကိုဈေးပဲ အလကားနီးနီးလိုချင်နေသလို မျိုးလုပ်နေလို့ မရိုက်ဖြစ်ဘူးလို့သိရပါတယ် ။ ခုလတ်တလောမှာတော့ ဇာတ်လမ်းတွဲလေးတွေ ရိုက်ကူးဖြစ်နေတယ်လို့ မေကဗျာက Read more

ပထမဆုံးတွေ့ဆုံချိန်လေးမှာပဲ အရမ်းခင်တဲ့သူငယ်ချင်းတွေဖြစ်သွားကြတဲ့ ဘုန်းမင်းနေလနဲ့ယွန်းယွန်း

အနုပညာလောကမှာ နေရာတစ်နေရာရရှိပြီး အောင်မြင်နေတဲ့ မင်းသမီးချောလေး ယွန်းယွန်းနဲ့ တက်သစ်စအနုပညာရှင်လေးဖြစ်တဲ့ ဘုန်းမင်းနေလတို့နှစ်ယောက်ကတော့ ပွဲအခမ်းအနားလေးတစ်ခုကို အတူတူ တက်ရောက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ မေလ (၁၉) ရက်နေ့က Junction Square မှာ ကျင်းပပြုလုပ်ခဲ့တဲ့ “ViHo Myanmar” ပွဲလေးကို တက်ရောက်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီပွဲလေးကတော့ သူတို့နှစ်ယောက်ရဲ့ ပထမဆုံး တွေ့ဆုံတဲ့ပွဲလေးပဲ ဖြစ်ပါတယ်။ အပြန်အလှန် ရင်းနှီးမှုရှိကြပေမယ့် အပြင်မှာ ပထမဆုံးအနေနဲ့ ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ယောက်က ဒီပွဲလေးမှာ အရမ်းခင်တဲ့ သူငယ်ချင်းတွေ ဖြစ်သွားခဲ့ကြပါတယ်။ ပန်းနုရောင်ဝတ်စုံလေးတွေ ကိုယ်စီနဲ့ Read more

ချမ်းသာတဲ့ကာရိုက်တာထက်ဆင်းရဲတဲ့ကာရိုက်တာလာငှားရင်ပိုဝမ်းသာတယ်လို့ပြောလာတဲ့ စိုးမိုးကြည်

တစ်ခတ်တစ်ခါတည်းကနာမည်ကြီးခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင်စိုးမိုးကြည်ကတော့ အကယ်ဒမီဆုကိုလည်းရရှိပိုင်ဆိုင်ထားပြီး ရရာဇာတ်ရုပ်ကိုပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်ပါတယ်။အမေဇာတ်ရုပ်တွေမှာပါဝင်သရုပ်ဆောင်လာပြီး တက်သစ်စလူငယ်တွေကိုလက်တွဲခေါ်ပေးတတ်သူလည်းဖြစ်ပါတယ်။ ဇာတ်ကားတိုင်းနီးပါး ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပရိသတ်ကြိုက်အောင် သရုပ်ဆောင်နိုင်သော ဝါရင့်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ” ကျောမှာဂဠုန်ရင်မှာနဂါး” ရုပ်ရှင်ဇာတ်ကားမှာပါဝင်ထားတာပဲဖြစ်ပြီး တစ်ကားလုံးကပညာပေးဇာတ်ကားမို့ ပရိသတ်တွေကြည့်သင့်ကားလို့ ပြောပြခဲ့ပါတယ်။” ဇာတ်ကားတစ်ကား ရိုက်ဖို့လာငှားရင် ဆင်းရဲတဲ့အခန်းတွေဆိုရင် ဘာပဲပြောပြော တော်သေးတယ်လေ၊ဆင်းရဲတဲ့အခန်းဆိုတော့ ပျော်သွားတာပေါ့။ဆင်းရဲတယ်ဆိုတော့ အ၀တ်အစားကလည်းမ၀တ်ရဘူးမကုန်ဘူးလေ။မိတ်ကပ်ကလည်းမလိမ်းရဘူးလေ။ အရမ်းချမ်းသာတယ်ဆိုရင် ခေါင်းကနေ ခြေတော်ကအထိ အ၀တ်အစား၊လက်ဝတ်လတ်စား၊ဖိနပ်၊ပိုက်ဆံအိတ်၊အစအဆုံးဆိုတော့ တစ်ခါတစ်လေကျရင် ကိုယ့်အိတ်ထဲကတောင် ပိုက်ဆံစိုက်ရတယ်။ကားကြီးဆိုပိုဆိုးတာပေါ့၊ဗီဒီယိုဆို နည်းနည်းလေး သက်သာတာပေါ့လေ။ ငွေအမောက်ကိုတော့ ကိုယ်ကချိန်ရတာပေါ့ ဆင်းရဲသားအခန်း ပဲပြုတ်ရောင်းရမယ်၊ငါးစိမ်းသည်မတို့ Read more

သမီးကြီးစိုးမြတ်သူဇာကို အချစ်ရဆုံးချစ်သမီးကြီးလို့​ ထုတ်​​ပြောလာတဲ့ ညီမ​လေး​ဖော်​ရဲ့ အ​မေ ​ဒေါ်စိုးကြည်​​ဖြူ

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို များစွာကို ရရှိထားခဲ့ရတဲ့ ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် မင်းသမီးချော စိုးမြတ်သူဇာ ဟာဆိုရင် ရိုးရိုးယဉ်ယဉ်ဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မြန်မာမှု မြန်မာဟန်တွေကို ထုတ်ဖော်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာကို သိမ်းကြုံးရရှိထားခဲ့ရတဲ့ သူလေးတစ်ယောက်ပါ။ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကို ဝတ်ဆင်ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုများစွာကို ရရှိထားခဲ့ရတဲ့ မကြီးစိုးကတော့ ယခုဆိုရင် ရုပ်ရှင်ရိုက်ကူးရာနေရာမှ အိမ်ကိုပြန်လည်ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ အချစ်ရဆုံးချစ်သမီးကြီး အိမ်ပြန်ရောက်တော့မယ့်အကြောင်းကိုတော့ မကြီးစိုးရဲ့ မိခင်ကြီး ဒေါ်စိုးကြည်ဖြူက သူမရဲ့ ဖေ့ဘုတ်စာမျက်နှာကနေ ရေးသားဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ မကြီးစိုး Read more

ရန်ကုန်စရောက်တုန်းက ဗမာစကားကိုပြောဖို့ကြောက်တယ်ဆိုတဲ့ ဝင့်ယမုံနိုင်

မြန်းဆိုတဲ့ ဝင့်ယမုံနိုင်ကတော့ ပရိသတ်ကြီးအားပေးမှုကိုရရှိထားတဲ့ MRTV-4 မင်းသမီးလေးတစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့ တိုင်းရင်းသားတွေထဲက ထားဝယ်သူလေးတစ်ယောက်လဲဖြစ်ပါတယ်။ ရန်ကုန် စရောက်တုန်းက ဗမာစကားပြောရမှာကြောက်တယ်ဆိုတဲ့အကြောင်းကို မီဒီယာတွေနဲ့ တွေ့ဆုံစဉ်ဖြေကြားခဲ့တာဖြစ်ပါတယ်။ “ရန်ကုန်စရောက်တုန်းက မပြောရဲဘူး မပြောတတ်ဘူး ငါပြောလိုက်လို့မှားသွားရင်ငါ့ကိုလှောင်မလားရယ်မလား ငါကရန်ကုန်ကမဟုတ်ဘူးဆိုတာသိသွားမလားဆိုပြီးတွေးမိတယ်။ လူကြီးတွေက တိုက်ပေါ်ကနေ အောက်မှာတစ်ခုခုသွားဝယ်ခိုင်းရင် ဒါလေးပေးပါလို့ပြောရမှာမပြောရဲဘူး။ စကားတစ်ခွန်းပြောဖို့ရင်တွေတုန်တယ် နောက်ပိုင်းကြတော့လည်းအဆင်ပြေသွားတာပဲ။ တိုင်းရင်းသားတွေက အသဲဝဲဝဲ လေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ တိုင်းရင်းသားတွေမှာထူးခြားတာတစ်ခုက သူတို့ရိုးရာအစားအစာတွေပဲ။ အဲလိုအစားအစာတွေနဲ့ ပတ်သက်ပြီးတော့လည်း ယမုံသဘောကျတယ်။ ဒေသအစားအစာတွေကိုကြိုက်ပါတယ်လို့ပြောပြထားပြီးတော့ ထားဝယ်သူလေးပီပီ ထားဝယ်ဒေသအကြောင်းကိုလည်း“ ထားဝယ်ကခုတော့လမ်းပန်းဆက်သွယ်ရေးကောင်းနေပြီ။ အရင်တုန်းက ထားဝယ်ကလမ်းပန်းဆက်သွယ်ရေးက မငြိမ်းချမ်းသေးတဲ့ကာလဆိုတော့ ကားလမ်းလာဖို့ကြောက်ကြတယ်။ Read more

ဖိုင်နယ်ပွဲတိုင်းရှုံးနိမ့်ခဲ့ဘူးတဲ့ မိမိရဲ့အစဉ်အလာတွေ ထပ်ဖြစ်လာမှာမဟုတ်ဖူးလို့ ဆိုလိုက်တဲ့ ဂျာဂင်ကလော့

  လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင်ကတော့ ကတော့ သူ့အနေနဲ့ တတိယမြောက်ဖြစ်လာတဲ့၊ ယခုနှစ်ချန်ပီယံလိဒ် ဖိုင်နယ်ပွဲစဉ်မှာတော့ ကံကောင်းခြင်းတွေရရှိလာမယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးအသင်းကတော့ ဇွန်လ ၁ ရက်နေ့၊ စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားရမဲ့ ၊ ပြည်တိုင်းပြိုင်ဘက် စပါးအသင်းနဲ့ပွဲစဉ်အတွက်၊ ယခုအပတ်မှာသွားရောက်ပြီး လေ့ကျင့်ခန်းဆင်းတော့မှာပဲဖြစ်ပါတယ်။ နည်းပြကလော့အနေနဲ့ကတော့၊ ချန်ပီယံလိဒ်ဖိုင်နယ်ကို ၂ ကြိမ်ထိတက်ရောက်ထားနိုင်ခဲ့ပြီး၊ ၂ ကြိမ်လုံးရှုံးနိမ့်ထားတဲ့ အစဉ်အလာရှိနေပါတယ်။ ၂၀၁၃ ခုနှစ် ဝင်ဘာလေမှာကျင်းပခဲ့တဲ့၊ ဖိုင်နယ်ပွဲစဉ်မှာတော့ ဒေါ့မွန်အသင်းကိုကိုင်တွယ်ခဲ့ပြီး၊ ဘွန်ဒက်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်အသင်းကို ၂ ဂိုး ၊ Read more

MNA လေယာဉ်ပါ ခရီးသည်တွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ လေယာဉ်မှူးနဲ့ အဖွဲ့ကို ရွှေဒင်္ဂါးပြား လှူဒါန်းလိုက်တဲ့ နေမင်း

ပရိသတ်ကြီးရေ.. ပြီးခဲ့တဲ့ မေလ(၁၂)ရက်နေ့က မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရန်ကုန်-မန္တလေးလေကြောင်းလိုင်း တစ်ခုဖြစ်တဲ့ MNA လေယာဉ် စက်ချို့ယွင်းမှုဖြစ်ခဲ့ပြီး ပရိသတ်တွေအတော်များများ အထိတ်တလန့်ဖြစ်ခဲ့ကြရပါတယ်..။ လေယာဉ်ရှေ့ဘီးချမရလို့ အရေးပေါ်ဆင်းသက်ခဲ့ရတာဖြစ်ပြီး ဆုံးဖြတ်ချက်မှန်ကန်ပြီး တော်လွန်းတဲ့ လေယာဉ်မှူးရဲ့ ဆုံးဖြတ်ချက်ကြောင့် ခရီးသည်တွေအားလုံး အသက်အန္တရာယ်ကင်းလွတ်ခဲ့တဲ့အတွက် လိုက်ပါသူခရီးသည်တွေကလည်း လေယာဉ်မှူးနဲ့အဖွဲ့ကို ပြန်လည်ဂုဏ်ပြုပေးခဲ့ကြပါတယ်..။ MNA လေယာဉ်မှာ လိုက်ပါလာတဲ့ ခရီးတွေ စုပေါင်းပြီး လေယာဉ်မှူးဦးမြတ်မိုးအောင်နဲ့ အဖွဲ့ကို ဂုဏ်ပြုပွဲလေး ပြုလုပ်ခဲ့ကြပြီး ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော နေမင်းကလည်း တစ်ကျပ်သားရွှေဒင်္ဂါးပြားပေးအပ် ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်..။ ခရီးသည်တွေ Read more